Local News

ဆန်၊ ဆန်ကွဲ၊ ဖွဲနုဈေး အနည်းငယ်မြင့်တက်

Last Updated:

ဆန်၊ ဆန်ကွဲ၊ ဖွဲနုဈေး အနည်းငယ်မြင့်တက်

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၆.၁.၂၀၂၄)ရက်နေ့တွင် မနောသုခဆန် တစ်အိတ်လျှင် (၈၃၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-) ကျပ် ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၅၂၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၅၀၀၀ဝိ/-) ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၆၀ဝိ/-)ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂.၂.၂၀၂၄) ရက်နေ့တွင် မနောသုခ ဆန်တစ်အိတ်လျှင် (၈၅၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-) ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၅၅၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၅၃၀၀ဝိ/-) ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၆၂၀ဝိ/-)ကျပ် တို့ဖြင့်အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။ ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ မနောသုခ ဆန်တစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၃၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၃၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၆၀ဝိ/-)ကျပ် တို့အသီးသီး ဈေးမြင့်တက်ခဲ့ပါသည်။ ဈေးမြင့်တက်သွားခြင်းမှာ ရန်ကုန်မှ တိုက်ရိုက်အဝယ်လိုက်၍ ဝယ်လိုအားကောင်းခြင်း၊ စပါးဈေးမြင့်တက်လာခြင်းကြောင့် ဆန်၊ ဆန်ကွဲ၊ ဖွဲနုဈေးအနည်းငယ် မြင့်တက်လာကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

 

Category: Local News